Uncategorized

တရုတ်စကားပြောနည်း – ဟာသ video

ကြည့်ပါ ရယ်ပါ စိတ်ညစ်နေလား ဒါလေးကြည့်လိုက်ရင် သွားအကုန်ပေါ်အောင်ရယ်စေရမယ် “တုံးမြင်ခွကျော်..ချီးတွေ့ကွေ့ရှောင်.. ချုံရှင်းမြွေရှာ. မြွေရှာတီတွေ့..တီတွေ့ထခုန်..ထခုန်ချော်လဲ.. ချော်လဲကုန်းထ..ကုန်းထပုဆိုးကျွတ်။ … ရှူးရှူးပေါက်..ရှဲရှဲမြည်..ကြမ်းကြမ်းပေါက် ကြမ်းကြမ်းမြည်… လျှော်..လျှော်..လျှော်.. ညည်းထမီညည်းလျှော်။ ရှောင်ချင်ရှောင်..ရှားချင်ရှား..ရှောင်ရှောင်ရှားရှား…ကြည့်ရှောင်ရှား.. ကြည့်ရှောင်.. ကြည့်ရှောင်။ ကြုံရင်ကြည့်.. တွေ့ရင်ချောင်း.. ကျန်တာဖျောင်.. ၀မ်ကျားပေါင်။” Animation & Voice Created by: ဆြာစတိ Credit – Sai Myint Kyaw Moe https://www.facebook.com/video/embed?video_id=543225425783674

ဦးဆန်းဆင့် သို့မဟုတ် ဂိုဏ်းဂဏတိုက်ပွဲမှာ ကျဆုံးသူလား

ဗုဒ္ဓဘာသာသမိုင်းမှာ အရုပ်ဆိုးအကျည်းတန်တဲ့ ရန်ကုန်မြို့ မဟာသန္တိသုခ ကျောင်းတော်ကြီးကို မဟနက တာဝန်ပေးထားတဲ့ စည်းကမ်းထိမ်းသိမ်းရေး သံဃာတွေနဲ့ ရဲတွေက ညကြီး အချိန်မတော်ဝင်ရောက် စီးနင်း၊ သီတင်းသုံးနေတဲ့ သံဃာတော်တွေကို ဖမ်းဆီးခေါ်ဆောင်၊ ငါးပါးကို အတင်းအကျပ် လူဝတ်လဲ၊ အင်းစိန်ထောင်ပို့တာ ဖြစ်ခဲ့ပြီးနောက် သာသနာရေးဝန်ကြီး ဦးဆန်းဆင့်ကို ရာထူးကနေ ဖြုတ်ချပြီး အာဏာပိုင်တွေက ဖမ်းဆီးထိန်းသိမ်း လိုက်ပါတယ်။ ကနဦးသတင်းတွေအရ ဦးဆန်းဆင့်ကို ကျပ်ငွေသိန်း ၁၀၀ လောက်နဲ့ ညီမျှတဲ့ အစိုးရပိုင်ငွေတွေကို မမှန်မကန် ကိုယ်ကျိုးလုပ်တယ်ဆိုပြီး စသုံးလုံးအဖွဲ့က အမှုဖွင့်ထားတယ်လို့ ဆိုပါတယ်။ နောက်ပိုင်း သမ္မတပြောခွင့်ရ ပြန်ကြားရေး ဒု- ၀န်ကြီး ဦးရဲထွဋ်က ဦးဆန်းဆင့်ကို အရေးယူတာ အဲဒီပြစ်မှုတွေတင်မကဘူး၊ အစိုးရ အဖွဲ့ခေါင်းဆောင် သမ္မတရဲ့ ညွှန်ကြားချက်ကို မနာခံလို့ ခုလို […]

ဦးအံ့မောင် ထိန်းသိမ်းခံရသည့်သတင်း မဟုတ်ဟု သမ္မတရုံးပြော

ရန်ကုန်၊ မဇ္ဈိမ။ ။ သမ္မတရုံး အကြံပေး ဦးအံ့မောင်ကို အထူးစုံစမ်း စစ်ဆေးရေး ဌာနက ဇွန်လ ၂၂ရက် ညက ထိန်းသိမ်းလိုက်ပြီဟု သတင်းထွက်ပေါ်လာသည်ကိုသမ္မတရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူး ဦးဇော်ဌေးက အတည်မပြုနိုင်ဟု မဇ္ဈိမကို ပြောသည်။ ဦးအံ့မောင်အား အထူးစုံစမ်းရေးဌာနက ထိန်းသိမ်းလိုက်သည်ဟူသည့် သတင်းကို RFA သတင်းဌာနက နေပြည်တော် အသိုင်းအဝိုင်းကို ကိုးကားကာ ဇွန်လ ၂၂ရက်ကရေးသားထားခြင်း ဖြစ်သည်။ ဦးအံ့မောင်ကို ထိန်းသိမ်းခြင်းသည် သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကိစ္စနှင့် ဆက်စပ်နေသည်ဟု ရေးသားထားသည်။ သာသနာရေး ဝန်ကြီးဟောင်း ဦးဆန်းဆင့်ကို ထိန်းသိမ်းပြီးနောက်ပိုင်း ယင်းကိစ္စနှင့် ဆက်နွယ်သူများကို စုံစမ်းစစ်ဆေးကာ အရေးယူသွားမည်ဟု ဦးဇော်ဌေးက ပြောသည်။ လက်ရှိတွင် ဦးဆန်းဆင့်ကို ရမည်းသင်းထောင်တွင် ဖမ်းဆီးထားပြီး သူ၏ ကိုယ်ရေးအရာရှိ […]

နွားချေးကားအယောင်ဆောင် တရားမ၀င်သစ်တင်ယာဉ် ပြင်ဦးလွင်တွင် ဖမ်းဆီးရမိ

မန္တလေးမှ နောင်ချိုဘက်သို့ ဖြတ်သန်းသွားသည့် တရားမ၀င် သစ်တင်ယာဉ်များသည် နည်းမျိုးစုံသုံး၍ သစ်များသိုဝှက်သယ်ဆောင်လျှက်ရှိကြောင်း သတင်းအရ ပြင်ဦးလွင်မြို့နယ် သစ်တောဦးစီးအရာရှိဦးစိုင်းရွက်ဆိုင်နှင့်အဖွဲ့မှ ၂၀၁၄ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် လမ်းကြောင်းတစ်လျှောက် ရှောင်တစ်ခင် စစ်ဆေးမှုပြုလုပ်ခဲ့သည်။ ထိုသို့စစ်ဆေးစဉ် နေ့လည် (၂) နာရီအချိန်ခန့်တွင် မန္တလေး- ပြင်ဦးလွင်လမ်းကြောင်းအတိုင်း မောင်းနှင်လာသော မသင်္ကာဖွယ် ဖေါ်တွန်အမျိုးအစား (၆) ဘီးယာဉ် ယာဉ်အမှတ် ၄စ/၃၃၄၅ သည် အနီးစခန်းအရောက် ဖေါင်းတောမြို့ရှောင်လမ်းအတိုင်း မောင်နှင်သွားသဖြင့် သစ်တောဝန်ထမ်းများမှ လိုက်လံရပ်တန့်စစ်ဆေးရာ မြို့ရှောင်လမ်းနှင့် ဆင်ခေါင်းလေးလမ်းဆုံအရောက် ရပ်တန့်စစ်ဆေးနိုင်ခဲ့သည်။ စစ်ဆေးချက်အရ ယာဉ်မောင်းဆန်းမင်းကျော်၊ ဂွေ့ကြီးကျေးရွာ၊ ပုသိမ်ကြီးမြို့နယ်နေသူ မောင်းနှင်ပြီး ယာဉ်ပေါ်တွင် တရားမ၀င် တမလန်းသစ်ဓါးရွေ (၃၃) တုံး ( ၂.၈၆၂၂ ) […]

သေနတ်ပစ်ဖောက်ကာ ကုန်စုံဆိုင်ကို လုယက်

ချင်းတွင်းမြစ်ကမ်းတစ်နေရာတွင် ဇွန် လ ၂၁ မနက် ၂ နာရီအချိန်က သေနတ်လေးချက် ပစ်ဖောက်၍ ကုန်စုံဆိုင်အတွင်းမှ ရွှေသေတ္တာတစ်လုံးနှင့် ပိုက်ဆံများ လုယက်ခံလိုက်ရသည်ဟု မြို့နယ်ထွေအုပ်ရုံးထံမှ သိရသည်။ စစ်ကိုင်းတိုင်း၊ ခန္တီးမြို့နယ်၊ ညောင်တလျောက်ဒေသ၊ ဖောင်ဆိုင်ကျေးရွာအုပ်စုရှိ ဆိုင်ပိုင်ရှင် ကိုချစ်အောင်၏ ကုန်စုံဆိုင်သို့ မျက်နှာဖုံးပုဝါစီးထားသည့် လူလေးဦး ရောက်ရှိလာပြီး ဘီယာနှင့် အရက်များ ရောင်းချပေးရန် ဆိုင်ရှင်အား ပြောခဲ့သည်ဟု ဆိုသည်။ ဆိုင်ရှင်ဖြစ်သူမှ ဘီယာနှင့် အရက်များမရှိကြောင်း ပြန်ပြောနေချိန်တွင် မျက်နှာဖုံးပုဝါ အပြာရောင်စီးထားသူက ဆိုင်ရှင် ကိုချစ်အောင်ကို ၀ါးစိမ်းတုတ်ဖြင့် ရိုက်နှက်ခဲ့သည်ဟု ဆိုသည်။ ကိုချစ်အောင်၏ ယာဘက်လက်တစ်ဘက်တွင် ဒဏ်ရာများရရှိခဲ့ပြီး ဆိုင်ရှင်ဖြစ်သူ၏ အိပ်ယာအနီးရှိ ရွှေ ၁၀ သား၊ ပိုက်ဆံ ၁၈ သိန်း ထည့်ထားသည့် သံသေတ္တာကို […]